
တောင်းပန်တယ်ဆိုတာမှားယွင်းလို့..
မှားယွင်းသွားတယ်ဆိုတာမာနတွေကြောင့်...
မတည်ဆောက်နိုင်တော့တဲ့
အနာဂါတ်ကို ခုထိလွမ်းဆဲ..
မပြတ်သားတတ်တဲ့ဆုံးဖြတ်ချက်ကြောင့်
ချစ်သူနဲ့ဝေးခြင်းဆိုတဲ့အပြစ်ဒဏ်ကို
ကိုယ်တိုင်ခံစားရဆဲ..
မမုန်းတတ်တဲ့ချစ်သူက
ခွင့်လွှတ်ပေးပေမဲ့
မှားခဲ့ပြီဖြစ်တဲ့ငါဟာ
ချစ်သူနဲ့မထိုက်တန်ဘူး..
ဘယ်သူမှအပြစ်ဒဏ်မချလဲ..
ကိုယ့်နှလုံးသားကိုအကျဉ်းချ...
တသက်တကျွန်းပေါ့..
သေရာပါမဲ့ဒဏ်ရာ..
နောက်ဘ၀ထိ လက်ဆောင်အဖြစ်ယူသွားမယ်..
အရာအားလုံးလိမ်ညာတတ်သူလို့
ချစ်သူကသတ်မှတ်..
သူရက်စက်တာမှန်ပါတယ်..
မညာတတ်တာငါ့နှလုံးသားပါ...
မုသားနဲ့မကင်းမာယာမရှင်းပေမဲ့..
ငါ့ရဲ့ချစ်ခြင်းအပြစ်ကင်းတယ်..
ဒါကိုလူသိစရာမလိုပါဘူး..
နောက်ဆုံး ငါပိုင်ဆိုင်တဲ့အမုန်းကို
ငါထွေးပွေ့ရင်း...
တပါးသူရင်ခွင်ကနေ..
ခိုနားခဲ့ဘူးတဲ့ခွင့်လွှတ်တတ်တဲ့
ချစ်သူ့ရင်ခွင်ကိုလွမ်းဆဲ....
No comments:
Post a Comment