Saturday, October 11, 2008

လမင်းသို့....


လမင်းလေးရေ..
နင်ဟာငါ့ရဲ့ဘ၀လေးပါ...
ကဗျာမပီကာရန်မစီတတ်ပေမဲ့ငါနင့်ကိုတော့ချစ်တတ်သေးတယ်
အရာအားလုံးပြောင်းလဲသွားတတ်တဲ့လောကထဲမှာ...
ငါမပြောင်းလဲဘဲပြောနိုင်တာကတော့
နင့်ကိုအရမ်းချစ်တယ်ဆိုတာဘဲ..
ကံကြမ္မာကရက်စက်လို့နီးစပ်ဖို့မသေချာပေမဲ့
ငါချစ်တာသေချာတယ်လမင်းလေး..
ရာသီစက်ဝန်းကလည်ပတ်ရွေ့ရှားနေတတ်ပေမဲ့
ငါ့စိတ်တွေငါ့ရည်မှန်းချက်တွေရဲ့ဦးတည်ရာကတော့
နင့်ဆီကိုပါငါ့လမင်းလေးရာ..
ငါ့ဘ၀ရဲ့သတ်ပုံတွေမှားယွင်းလို့
ငါ့ဘ၀ုကီးစုတ်ပြတ်သတ်ရင်တောင်
ငါ့နှလုံးသားသတ်ပုံတွေကမှားယွင်းမှာမဟုတ်ဘူး..
စည်းချက်တိုင်းရဲ့ကာရန်တွေဟာလည်း
မင်းလေးပါလမင်းလေးရာ..
မရည်ရွယ်ဘဲအမှားဖြစ်ခဲ့တယ်ဆိုရင်လည်း
မင်းကိုချစ်တဲ့စိတ်ကြောင့်ဖြစ်ပေါ်လာတဲ့လောဘကြောင့်ပါ...
နီးစပ်မဲ့အချိန်တွေကမသေချာမရေရာပေမဲ့
ငါမင်းဆီရောက်ဖို့ထာဝရုကိုးစားနေတာ
ငါ့လမင်းလေးသိစေချင်လိုက်တာ...

Friday, October 10, 2008

မိုးစက်ကလေးတွေအောက်မှာကြွေဆင်းခဲ့သောချစ်ခြင်း


မိုးရာသီကုန်ပြီနော်ချစ်သူ....
မိုးစက်ကလေးတွေအောက်မှာ...
ဝေဆာဖူးပွင့်ခဲ့တဲ့သံယောဇဉ်လေးတွေ...
မင်းရဲ့တဖက်သတ်အတွေးအောက်မှာ
ကေ့ကျမြေခရပြီလားဟင်...
သာယာချိုမြတဲ့တေးသွားလေးလို..
မင်းပြောခဲ့တဲ့အားပေးစကားတွေကရော..
ပုံပြင်လားဟင်..
မင်းေုကာင့်စိတ်ကူးယဉ်အားတက်ခဲ့ရတဲ့
ငါ့ရဲ့နေ့ရက်တွေကရော
အိပ်မက်လားဟင်..
ဘာေုကာင့်လဲဆိုတာ
မင်းအဖြေပေးခဲ့သင့်တယ်နော်...
ငါ့အတွက်လို့မင်းပြောခဲ့ရင်တော့
ငါ့အတွက်တော့မင်းရှိမှဖြစ်မယ်..
မင်းမရှိရင်တော့ငါ့နေ့ရက်တွေက
အသက်ဝင်ရှင်သန်နေမယ်လို့မထင်ဘူးချစ်သူရာ..
မိုးစက်လေးတွေအောက်မှာ..
မင်းမသိဘဲငိုကေ့းခဲ့ရတဲ့ငါ့မျက်ရေတွေ
မင်းမသိအောင်တိတ်တိတ်လေးမျှော်လင့်ရင်း
မင်းကိုတောင့်တနေတဲ့ငါ့ရဲ့တမ်းတဆွေးမြေ့ခြင်းတွေ
မင်းသိအောင်ပြောပြခွင့်တော့ရချင်သေးတယ်..
လွမ်းသမျှကိုချပြမိရင်လည်း
မင်းငါ့ဆီကိုပြန်လာဖို့
အသနားခံနေတာလို့အထင်ခံရမှာလည်း
ငါကြောက်ရွံ့မိပြန်ရော..
ချစ်သူရယ်..
ငါက တကယ်တော့ မာယာများတဲ့
အချစ်အောက်ကကျေးကျွန်တယောက်လို
ကိုယ့်ကိုယ်ကို ကာကွယ်နိုင်စွမ်းတွေမဲ့နေရတာပါ...
မင်းကိုချစ်လို့ပါ...
မင်းမသိခဲ့တဲ့ငါ့ရဲ့ချစ်ခြင်းတွေအတွက်
ငါမင်းကိုပေးဆပ်နေရတာလို့ဘဲတွေးရင်း
တပါးသူရင်ခွင်ထဲကမင်းကို
ခွင့်လွှတ်ရင်းချစ်နေပါရစေတော့နော်..
နားလည်ပါစေ...ချစ်သူလေးရာ....

Thursday, October 9, 2008

အရိပ်...



နာုကည်းစွာနဲ့မုန်းပစ်လိုက်ချင်လဲ
မင်းရဲ့အရိပ်ထဲကငါ..
မလွတ်မြောက်နိုင်ဘူး...
ရက်စက်တတ်သူမို့အပြစ်တင်မုန်းပစ်ချင်လဲ...
ငါ့နှလုံးသားကမမုန်းရက်နိုင်ဘူး..
ခါးသည်းရက်စက်စွာနဲ့
နာကျည်းသမျှငါပြောပစ်ချင်လဲ...
သိပ်ချစ်တတ်တဲ့ငါ့နှလုံးသားကခွင့်မပြုဘူး..
နင်ကတော့စိမ်းကားစွာနဲ့
ငါ့ကိုရက်စက် နာုကည်းတတ်အောင်
စကားလုံးတွေနဲ့ရက်စက်ခဲ့လဲ
ငါနင်ပြန်အလာကိုနင်ထားခဲ့တဲ့နေရာကနေ
တမ်းတမျှော်လင့်ရင်း ငါစောင့်စားနေဆဲ....
ငါနင်မရှိရင် အသက်ရှင်ဖို့တောင်
ခက်ခဲနေတာပါ...
နင်ငါ့အနားမရှိရင်တောင်
နင့်အသံလေုးကားရရင်..
ငါပျော်ရွှင်နေတတ်တာပါ...
နင်ငါ့ရင်ခွင်ထဲမှာမဟုတ်လဲ
တပါးသူရင်ခွင်ထဲနင်ပျော်နေရင်
ငါကျေနပ်နေတတ်တာပါ..
ငါကတော့နင့်အသံလေးကြားရင်
ငါ့nick ထဲနင့်nickလေးစိမ်းနေရင်
ငါလေ ပျော်နေတတ်တာပါ....
နင်နားလည်ပါစေ..ချစ်သူလေးရာ
နင်ဟာ.ငါ့ရဲ့အရိပ်လေးတခုမို့ပါ....

Apologize


Apologize....
Ahhhh....ahhh.....ahhhh....
I am holding on ur robe
Got me ten feet of the ground..
And I'm hearing what u say
But I just can't make a sound
You tell me that u need me
Then u go and cut me down
But wait....
You tell me that you're sorry
Didn't think i turn around and say
That's is too late to apologize..It's too late
I said that's too late to apologize,It's too late
I'd take another chance take a fall , take a shot for you
And i need u like a heart,need a beat
yeah yeah..............
I loved u with a fire red ,now its turning blue
And u say.....
Sorry like and angle ,
Havens not the same with u
But I'm afraid..
That's is too late to apologize..It's too late
I said that's too late to apologize,It's too late
Ahhhh.....ahhh...

That's is too late to apologize..It's too late
I said that's too late to apologize,It's too late
I said that's too late to apologize,It's too late
I said that's too late to apologize,It's too late
I am holding on ur robe
Got me ten feet of the ground.......

တမ်းချင်းဖွဲ့လွမ်းသမျှ...


မောင်...
မိုးစက်တွေအောက်မှာစကားဆိုရင်း
ငယ်တို့အတူမဟုတ်ပေမဲ့...
စကားတွေပြောနေခဲ့ဖူးတယ်....
ညနေမိုးချုပ်တိုင်းလဲ...
စိတ်ပူစွာနဲ့အပြန်လမ်းတလျှောက်....
စကားတွေပြောရင်းလိုက်ပို့ခဲ့တဲ့နေ့တွေ
နည်းမှမနည်းဘဲမောင်...
သံယောဇဉ်တခုလို့မှတ်ယူလိုက်ရင်
ငယ်မောင့်ကိုသိပ်ချစ်တာ...
မဆန်းဘူးနော်.......
မောင့်ကိုမြတ်နိုးကိုးကွယ်ရာ....
ဘ၀အိပ်မက်တွေပါမောင်..
လမ်းမှားကိုအထပ်ထပ်လျှောက်ရင်း
မောင်ရာ...
ဘယ်ကိုသွားရမှန်းမသိ
လမ်းတွေပျောက်နေတုန်း.....
မောင့်ကိုပျော်ရွှင်စေချင်နေတယ်..
ကိုယ်ကိုတိုင်ကတော့ဘယ်တော့မှမရေရာခြင်းတွေနဲ့...
တမ်းတလွမ်းရပါတယ်မောင်..
နောက်ဘ၀အထိပေါ့...
မရေရာဘူး...
မသေချာဘူး...
ဒါပေမဲ့ချစ်တယ်....
မောင့်ကိုအရမ်းချစ်တယ်

Wednesday, October 8, 2008

မရေရာခြင်း


လမ်းမခွဲကြေးလို့မောင့်ကိုပြောခဲ့ဖူးတယ်
မောင်...
မချစ်ဖူးလို့ထင်လား....
ချစ်တုန်းဘဲ.......
ဒါပေမဲ့ မဖြစ်နိုင်ဘူး...
ဒါဏ်ရာတွေထပ်မပေးချင်ဘူး..
မောင်သိလား..
မောင်ပြောတဲ့မသိစိတ်...
တခါကမောင်ပြောတယ်....
အနာကျင်ဆုံးဘဲ.....
မောင့်ဆီကချစ်တယ်လို့အရင်ကအရမ်းကြားချင်ခဲ့တာ...
ခုတော့အဲဒီလိုမဟုတ်ဘူး....
ငယ်ထားခဲ့တဲ့နေရာကနေ
စောင့်နေဆဲလို့မောင်ပြောရင်
အရမ်းဘဲကို့ကိုယ်ကိုမုန်းတယ်
မောင်.....
အချစ်ဆိုတာဘာလဲ...
အဲဒီလောက်ချစ်တာ..ဘာပြန်ရလဲ..
မောင်...
မုန်းလိုက်ပါလား...
နာုကည်းပြီးမုန်းပစ်လိုက်နော်...
ငယ်နောက်ဘ၀ကနေမောင့်ကို
စောင့်နေမယ်.....
မောင့်ကိုချစ်တယ်....ပေါက်စလေး...

Monday, October 6, 2008

လက်ဆောင်


အနမ်းမဲ့တဲ့ပင်လယ်ပြင်မှာ
ုကယ်စင်တွေပျောက် အလင်းခလို့
ဆံနွယ်တစ်ဝှေ့ လေပြေကျီစယ်မှ
ကိုယ့်ရဲ့အလွမ်းတွေ ပြေရော့မယ်ထင်ပါရဲ့...
တကယ်ပါ…အတောင်ပံတစ်စုံသာရှိခဲ့ရင်..
ငါ့ရဲ့ဦးတည်ရာအရပ်က .... မင်းဆီကိုပါ
နှလုံးသားမှာ...ထားခွင့် မရှိတော့ ရင်လည်း..
တစ်ခါချစ်ခဲ့ဖူးလို့ ၀မ်းသာတယ်...
မမေ့နိုင်ခြင်းနဲ့ပဲ နှုတ်ဆက်ခဲ့တယ်...
. အချစ်ရယ်......
နေရစ်တော့ကွယ် သွားတော့မယ်...........