Saturday, October 11, 2008

လမင်းသို့....


လမင်းလေးရေ..
နင်ဟာငါ့ရဲ့ဘ၀လေးပါ...
ကဗျာမပီကာရန်မစီတတ်ပေမဲ့ငါနင့်ကိုတော့ချစ်တတ်သေးတယ်
အရာအားလုံးပြောင်းလဲသွားတတ်တဲ့လောကထဲမှာ...
ငါမပြောင်းလဲဘဲပြောနိုင်တာကတော့
နင့်ကိုအရမ်းချစ်တယ်ဆိုတာဘဲ..
ကံကြမ္မာကရက်စက်လို့နီးစပ်ဖို့မသေချာပေမဲ့
ငါချစ်တာသေချာတယ်လမင်းလေး..
ရာသီစက်ဝန်းကလည်ပတ်ရွေ့ရှားနေတတ်ပေမဲ့
ငါ့စိတ်တွေငါ့ရည်မှန်းချက်တွေရဲ့ဦးတည်ရာကတော့
နင့်ဆီကိုပါငါ့လမင်းလေးရာ..
ငါ့ဘ၀ရဲ့သတ်ပုံတွေမှားယွင်းလို့
ငါ့ဘ၀ုကီးစုတ်ပြတ်သတ်ရင်တောင်
ငါ့နှလုံးသားသတ်ပုံတွေကမှားယွင်းမှာမဟုတ်ဘူး..
စည်းချက်တိုင်းရဲ့ကာရန်တွေဟာလည်း
မင်းလေးပါလမင်းလေးရာ..
မရည်ရွယ်ဘဲအမှားဖြစ်ခဲ့တယ်ဆိုရင်လည်း
မင်းကိုချစ်တဲ့စိတ်ကြောင့်ဖြစ်ပေါ်လာတဲ့လောဘကြောင့်ပါ...
နီးစပ်မဲ့အချိန်တွေကမသေချာမရေရာပေမဲ့
ငါမင်းဆီရောက်ဖို့ထာဝရုကိုးစားနေတာ
ငါ့လမင်းလေးသိစေချင်လိုက်တာ...

Friday, October 10, 2008

မိုးစက်ကလေးတွေအောက်မှာကြွေဆင်းခဲ့သောချစ်ခြင်း


မိုးရာသီကုန်ပြီနော်ချစ်သူ....
မိုးစက်ကလေးတွေအောက်မှာ...
ဝေဆာဖူးပွင့်ခဲ့တဲ့သံယောဇဉ်လေးတွေ...
မင်းရဲ့တဖက်သတ်အတွေးအောက်မှာ
ကေ့ကျမြေခရပြီလားဟင်...
သာယာချိုမြတဲ့တေးသွားလေးလို..
မင်းပြောခဲ့တဲ့အားပေးစကားတွေကရော..
ပုံပြင်လားဟင်..
မင်းေုကာင့်စိတ်ကူးယဉ်အားတက်ခဲ့ရတဲ့
ငါ့ရဲ့နေ့ရက်တွေကရော
အိပ်မက်လားဟင်..
ဘာေုကာင့်လဲဆိုတာ
မင်းအဖြေပေးခဲ့သင့်တယ်နော်...
ငါ့အတွက်လို့မင်းပြောခဲ့ရင်တော့
ငါ့အတွက်တော့မင်းရှိမှဖြစ်မယ်..
မင်းမရှိရင်တော့ငါ့နေ့ရက်တွေက
အသက်ဝင်ရှင်သန်နေမယ်လို့မထင်ဘူးချစ်သူရာ..
မိုးစက်လေးတွေအောက်မှာ..
မင်းမသိဘဲငိုကေ့းခဲ့ရတဲ့ငါ့မျက်ရေတွေ
မင်းမသိအောင်တိတ်တိတ်လေးမျှော်လင့်ရင်း
မင်းကိုတောင့်တနေတဲ့ငါ့ရဲ့တမ်းတဆွေးမြေ့ခြင်းတွေ
မင်းသိအောင်ပြောပြခွင့်တော့ရချင်သေးတယ်..
လွမ်းသမျှကိုချပြမိရင်လည်း
မင်းငါ့ဆီကိုပြန်လာဖို့
အသနားခံနေတာလို့အထင်ခံရမှာလည်း
ငါကြောက်ရွံ့မိပြန်ရော..
ချစ်သူရယ်..
ငါက တကယ်တော့ မာယာများတဲ့
အချစ်အောက်ကကျေးကျွန်တယောက်လို
ကိုယ့်ကိုယ်ကို ကာကွယ်နိုင်စွမ်းတွေမဲ့နေရတာပါ...
မင်းကိုချစ်လို့ပါ...
မင်းမသိခဲ့တဲ့ငါ့ရဲ့ချစ်ခြင်းတွေအတွက်
ငါမင်းကိုပေးဆပ်နေရတာလို့ဘဲတွေးရင်း
တပါးသူရင်ခွင်ထဲကမင်းကို
ခွင့်လွှတ်ရင်းချစ်နေပါရစေတော့နော်..
နားလည်ပါစေ...ချစ်သူလေးရာ....

Thursday, October 9, 2008

အရိပ်...



နာုကည်းစွာနဲ့မုန်းပစ်လိုက်ချင်လဲ
မင်းရဲ့အရိပ်ထဲကငါ..
မလွတ်မြောက်နိုင်ဘူး...
ရက်စက်တတ်သူမို့အပြစ်တင်မုန်းပစ်ချင်လဲ...
ငါ့နှလုံးသားကမမုန်းရက်နိုင်ဘူး..
ခါးသည်းရက်စက်စွာနဲ့
နာကျည်းသမျှငါပြောပစ်ချင်လဲ...
သိပ်ချစ်တတ်တဲ့ငါ့နှလုံးသားကခွင့်မပြုဘူး..
နင်ကတော့စိမ်းကားစွာနဲ့
ငါ့ကိုရက်စက် နာုကည်းတတ်အောင်
စကားလုံးတွေနဲ့ရက်စက်ခဲ့လဲ
ငါနင်ပြန်အလာကိုနင်ထားခဲ့တဲ့နေရာကနေ
တမ်းတမျှော်လင့်ရင်း ငါစောင့်စားနေဆဲ....
ငါနင်မရှိရင် အသက်ရှင်ဖို့တောင်
ခက်ခဲနေတာပါ...
နင်ငါ့အနားမရှိရင်တောင်
နင့်အသံလေုးကားရရင်..
ငါပျော်ရွှင်နေတတ်တာပါ...
နင်ငါ့ရင်ခွင်ထဲမှာမဟုတ်လဲ
တပါးသူရင်ခွင်ထဲနင်ပျော်နေရင်
ငါကျေနပ်နေတတ်တာပါ..
ငါကတော့နင့်အသံလေးကြားရင်
ငါ့nick ထဲနင့်nickလေးစိမ်းနေရင်
ငါလေ ပျော်နေတတ်တာပါ....
နင်နားလည်ပါစေ..ချစ်သူလေးရာ
နင်ဟာ.ငါ့ရဲ့အရိပ်လေးတခုမို့ပါ....

Apologize


Apologize....
Ahhhh....ahhh.....ahhhh....
I am holding on ur robe
Got me ten feet of the ground..
And I'm hearing what u say
But I just can't make a sound
You tell me that u need me
Then u go and cut me down
But wait....
You tell me that you're sorry
Didn't think i turn around and say
That's is too late to apologize..It's too late
I said that's too late to apologize,It's too late
I'd take another chance take a fall , take a shot for you
And i need u like a heart,need a beat
yeah yeah..............
I loved u with a fire red ,now its turning blue
And u say.....
Sorry like and angle ,
Havens not the same with u
But I'm afraid..
That's is too late to apologize..It's too late
I said that's too late to apologize,It's too late
Ahhhh.....ahhh...

That's is too late to apologize..It's too late
I said that's too late to apologize,It's too late
I said that's too late to apologize,It's too late
I said that's too late to apologize,It's too late
I am holding on ur robe
Got me ten feet of the ground.......

တမ်းချင်းဖွဲ့လွမ်းသမျှ...


မောင်...
မိုးစက်တွေအောက်မှာစကားဆိုရင်း
ငယ်တို့အတူမဟုတ်ပေမဲ့...
စကားတွေပြောနေခဲ့ဖူးတယ်....
ညနေမိုးချုပ်တိုင်းလဲ...
စိတ်ပူစွာနဲ့အပြန်လမ်းတလျှောက်....
စကားတွေပြောရင်းလိုက်ပို့ခဲ့တဲ့နေ့တွေ
နည်းမှမနည်းဘဲမောင်...
သံယောဇဉ်တခုလို့မှတ်ယူလိုက်ရင်
ငယ်မောင့်ကိုသိပ်ချစ်တာ...
မဆန်းဘူးနော်.......
မောင့်ကိုမြတ်နိုးကိုးကွယ်ရာ....
ဘ၀အိပ်မက်တွေပါမောင်..
လမ်းမှားကိုအထပ်ထပ်လျှောက်ရင်း
မောင်ရာ...
ဘယ်ကိုသွားရမှန်းမသိ
လမ်းတွေပျောက်နေတုန်း.....
မောင့်ကိုပျော်ရွှင်စေချင်နေတယ်..
ကိုယ်ကိုတိုင်ကတော့ဘယ်တော့မှမရေရာခြင်းတွေနဲ့...
တမ်းတလွမ်းရပါတယ်မောင်..
နောက်ဘ၀အထိပေါ့...
မရေရာဘူး...
မသေချာဘူး...
ဒါပေမဲ့ချစ်တယ်....
မောင့်ကိုအရမ်းချစ်တယ်

Wednesday, October 8, 2008

မရေရာခြင်း


လမ်းမခွဲကြေးလို့မောင့်ကိုပြောခဲ့ဖူးတယ်
မောင်...
မချစ်ဖူးလို့ထင်လား....
ချစ်တုန်းဘဲ.......
ဒါပေမဲ့ မဖြစ်နိုင်ဘူး...
ဒါဏ်ရာတွေထပ်မပေးချင်ဘူး..
မောင်သိလား..
မောင်ပြောတဲ့မသိစိတ်...
တခါကမောင်ပြောတယ်....
အနာကျင်ဆုံးဘဲ.....
မောင့်ဆီကချစ်တယ်လို့အရင်ကအရမ်းကြားချင်ခဲ့တာ...
ခုတော့အဲဒီလိုမဟုတ်ဘူး....
ငယ်ထားခဲ့တဲ့နေရာကနေ
စောင့်နေဆဲလို့မောင်ပြောရင်
အရမ်းဘဲကို့ကိုယ်ကိုမုန်းတယ်
မောင်.....
အချစ်ဆိုတာဘာလဲ...
အဲဒီလောက်ချစ်တာ..ဘာပြန်ရလဲ..
မောင်...
မုန်းလိုက်ပါလား...
နာုကည်းပြီးမုန်းပစ်လိုက်နော်...
ငယ်နောက်ဘ၀ကနေမောင့်ကို
စောင့်နေမယ်.....
မောင့်ကိုချစ်တယ်....ပေါက်စလေး...

Monday, October 6, 2008

လက်ဆောင်


အနမ်းမဲ့တဲ့ပင်လယ်ပြင်မှာ
ုကယ်စင်တွေပျောက် အလင်းခလို့
ဆံနွယ်တစ်ဝှေ့ လေပြေကျီစယ်မှ
ကိုယ့်ရဲ့အလွမ်းတွေ ပြေရော့မယ်ထင်ပါရဲ့...
တကယ်ပါ…အတောင်ပံတစ်စုံသာရှိခဲ့ရင်..
ငါ့ရဲ့ဦးတည်ရာအရပ်က .... မင်းဆီကိုပါ
နှလုံးသားမှာ...ထားခွင့် မရှိတော့ ရင်လည်း..
တစ်ခါချစ်ခဲ့ဖူးလို့ ၀မ်းသာတယ်...
မမေ့နိုင်ခြင်းနဲ့ပဲ နှုတ်ဆက်ခဲ့တယ်...
. အချစ်ရယ်......
နေရစ်တော့ကွယ် သွားတော့မယ်...........

Sunday, October 5, 2008

မောင့်ကိုချစ်သော.....ကောင်မလေးတယောက်အေုကာင်း


မောင်....
ငယ်စဉ်ကတည်းကဖေုကီးပြောလေ့ရှိတဲ့သာဓကတခုပါ...
မေုကီးကဖေုကီးအတွက်အကောင်းဆုံးပေတံတလက်တဲ့..
မေုကီးမရှိတော့ကတည်းက နောက်ထက်မိန်းကလေးတိုင်းကို
အဲဒီပေတံလေးနဲ့လိုက်တိုင်းရင်းနဲ့...
မိန်းမ မယူဖြစ်တော့တာတဲ့....
ခုမောင်ကပြောတယ်......
ငယ်လေးကမောင့်ရဲ့ပေတံလေးပါတဲ့....
ငယ့်လိုမောင့်အပေါ်ချစ်နိုင်မဲ့မိန်းကလေးမျိုး....
မရှိနိုင်တော့ဘူးတဲ့....
နောက်ဆိုရင်ငယ့်ဖေဖေလိုဘဲ
မိန်းကလေးတွေကိုအဲဒီပေတံလေးနဲ့လိုက်တိုင်းနေမိတော့မှာတဲ့...
ငယ်မောင့်ကိုမထားခဲ့ချင်ဘူးမောင်..
မရေရာပေမဲ့မထားခဲ့နိုင်ဘူး.....
မသေချာပေမဲ့မခွဲချင်ဘူး....
ငယ်ကမောင်ပြောသလို တပါးသူရဲ့
ထိန်းချုပ်မှုအောက်မှာရောက်နေလဲ
ငယ့်နှလုံးသားကတော့မောင့်ခြေဖျားအောက်မှာပါ..
ငယ့်နှလုံးသားပလ္လင်ထက်နန်းတက်သူကမောင်ပါမောင်...
မောင့်ကိုချစ်တယ်...
မောင့်ကိုမြတ်နိုးတယ်...
မောင့်ကိုတွယ်တာတယ်....
မောင်သည်သာဘ၀...မောင်သည်သာသခင်ပါ....
မောင့်ကိုချစ်သော မောင်ကချစ်သောကောင်မလေးသည်...
မောင့်အတွက်သာအသက်ရှင်နေတာမောင်သိပါစေ..

Saturday, October 4, 2008

မသိစိတ်.......အမှား


စိတ်ကူးတခု ပိုင်ဆိုင်ဖူးတဲ့ရင်ခွင်တခု
အမြဲတမ်းမမေ့နိုင်ဘူး
မဖြစ်သင့်တော့ဘူးလို့ အုကိမ်ုကိမ်သတိပေးနေတဲ့
ဦးနှောက်ကိုလွန်ဆန် အလိုလိုကိုကားချင်နေတာ
ရင်ခွင်ဟောင်းဆီက ချိုသာတဲ့အသံလေး
morning ဆိုရင်သတိရတမ်းတဆဲ...
ဖုန်းခေါ်မိနေဆဲ....
အချစ်သစ်ဆီကသ၀န်တိုသံတွေကို
လစ်လျူရှုမိတာ..
မှားမှန်းသိတယ်..
ရင်ခုန်သံတွေက မညီမျှတော့
ချစ်သူကိုအားနာလိုက်တာ..
ခက်တာကခုထိကိုရင်ခွင်ဟောင်းကို
မက်မောဆဲ..
ရှေးဘ၀ကရေစက်ေုကာင့်လားတော့မသိဘူး..
နှစ်ယောက်စလုံးကခွင့်လွှတ်တယ်တဲ့...
ရင်ခွင်ဟောင်းဆီမှာလည်း
ကိုယ့်နေရာလစ်လပ်နေတယ်..
ပြန်လာခဲ့ပါတဲ့.......
ရင်ခွင်သစ်ကလည်းလုံးဝမစွန့်လွှတ်နိုင်ဘူးတဲ့...
ဘာလုပ်သင့်လဲ...
လမ်းပျောက်နေတာပါ..
ရင်ခွင်ဟောင်းကိုမစွန့်လွှတ်နိုင်သလို
ရင်ခွင်သစ်ကိုလည်းမနာကျင်စေချင်ခဲ့ဘူး...
တစုံတယောက်က နာကျည်းမုန်းတီးမေ့ပစ်လိုက်ရင်
နာကျင်ရမှာမဟုတ်ဘူး....
နောက်ပြန်မလှည့်ကြည့်သင့်တာ သိတယ်
တွေဝေနေဆဲအတွေးတွေနဲ့
သုံးယောက်စလုံးနာကျင်ရင်း...
ငါသည်မှားပြီးရင်းမှားရင်း...........

Thursday, October 2, 2008

အမှားလား...


ရပ်တန့်ဖို့မေ့လျှော့နေခဲ့တာ..
ခြေတလှမ်းစပြီးတော့
နောက်ပြန်ဆုတ်ဖို့အတွေးတွေနဲ့
ရင်ခွင်ဟောင်းကိုဘဲတမ်းတနေတော့
လက်ရှိချစ်သူကိုပစ်ပယ်နေမိတော့
ကိုယ့်အခြေအနေကိုမေ့နေတတ်တာ
ခုနားလည်ခဲ့ပြီ..
အတိတ်ကိုဖက်တွယ်နေဦးမှာပါ..
လက်ရှိကိုလည်းတန်ဖိုးထားရမယ်..
ဒါကြောင့်လက်ရှိချစ်သူကိုတန်ဖိုးထားလိုက်တော့မယ်..
အတိတ်ကိုတော့မေ့ပစ်ဖို့
အင်အားမရှိပေမဲ့
ပျောက်ပျက်မသွားအောင်သိမ်းဆည်းနိုင်မှာပါ..
ရင်ထဲမှာသိမ်းဆည်းရင်း
ချစ်သူ့ရင်ခွင်မှာပျော်အောင်နေတော့မယ်..

Saturday, September 27, 2008

ပျောက်ဆုံးခြင်း


ငါ....ဆိုတာဘာလဲ...
ဖြစ်တည်မှုတွေမရှိဘူး..
ငါသိတာလဲမရှိဘူး..
ငါ့ရပ်တည်မှုတွေကရော..
မသိဘူး.....
ငါဆိုတာမရှိတော့ဘူး..
ငါံ့ဘ၀ရဲ့အရာရာပျောက်ဆုံးသွားပြီ.....
အားလုံးရေစုံမျှောနေရတာ
ချစ်သူမသိဘူး...
ချစ်သူသိတဲ့ငါ အမှားတွေနဲ့....
ငါရုန်းထွက်ချင်ပြီ....
ငါမပျော်တော့ဘူး..
အသက်ရှူကျပ်တယ်..
ငါကိုယ်တိုင်တောင်မသိတဲ့ငါ...
ငါဘယ်ရောက်နေလဲ..
ငါဘာတွေလုပ်နေလဲ
ငါသိတာက ငါသေသွားပြီ..
ချစ်သူသိပ်ချစ်တဲ့ငါ..
ချစ်သူမြတ်နိုးတဲ့ငါ...
သေဆုံးခြင်းနဲ့အတူပျောက်ဆုးံသွားပြီ...

Friday, September 26, 2008

ပုံပြင်တပုဒ်လို..


အေးချမ်းတဲ့ မြို့လေးတစ်မြို့မှာ တစ်ဦးကိုတစ်ဦး အရမ်းချစ်ကြတဲ့ ချစ်သူနှစ်ဦးရှိတယ်။ သူတို့ဟာ အမြဲမခွါ တစ်တွဲတွဲပဲ နေ့တိုင်း ပင်လယ်ဘေးကို သွားပြီး နေထွက်၊ နေ၀င်ချိန်ကို သွားကြည့်ကြတယ်။ သူတို့က မြင်သူတကာ အားကျတဲ့ စုံတွဲလေးပါ။ ဒါပေမဲ့ တစ်နေ့မှာ မတော်တဆ ကားတိုက်မှုကြောင့် ကောင်မလေး အပြင်းအထန် ထိခိုက်ဒဏ်ရာ ရပြီး မေ့မျှောသွားခဲ့တယ်။ အိပ်ရာထဲမှာပဲ ငြိမ်သက်စွာ လဲလျောင်းနေရတယ်။ နေ့ဖက်ဆိုရင် ကောင်လေးက ကောင်မလေးနားမှာနေပြီး သူ့နာမည်ကို တတွတ်တွတ် ရွတ်ခေါ်တယ်။ ညဖက်ဆိုရင် ဘုရားကျောင်းသွားပြီး ကောင်မလေး ကျန်းမာလာစေဖို့ ဘုရားသခင်ထံ ဆုတောင်းတယ်။ အချိန်တွေ တဖြေးဖြေး ကုန်လွန်သွားခဲ့ပြီး ကောင်လေးခမျာ ငိုရလွန်းလို့ မျက်ရည်တွေတောင် ခမ်းလုနီးနေပြီ။ ကောင်မလေးက မေ့မျှောနေဆဲပဲ။ ဒါပေမဲ့ ကောင်လေး လက်မလျှော့ခဲ့ဘူး။ ဘုရားသခင်ထံ ဆုတောင်းမြဲ ဆုတောင်းတယ်။ ဒီလိုနဲ့တစ်ညမှာ ဘုရားသခင်က ကောင်လေးရဲ့ မလျှော့တဲ့ ဇွဲနဲ့ ကောင်မလေးအပေါ်ထားတဲ့ မေတ္တာတရားေုကာင့် သူ့အပေါ် သနားသက်ဝင်ပြီး မျှော်လင့်ချက် တစ်ခုပေးလိုက်တယ်။ ဘုရားသခင်က ကောင်လေးကို " ကောင်မလေးရဲ့ အသက်ကို ကိုယ့်ဘ၀နဲလှဲလှယ်နိုင်မလား" လို့ မေးတယ်။ ကောင်လေးက တွေဝေမနေဘဲ လှဲလှယ်နိုင်ကြောင်း ချက်ချင်းပြန်ဖြေတယ်။ "ဒါဆိုကောင်းပြီ။ ကောင်မလေး အမြန်နှိုးလာဖို့ အသင် ပုစဉ်းဘ၀နဲ့ သုံးနှစ်အသွင်ပြောင်းရမယ်။ သဘောတူနိုင်လား" လို့ဘုရားသခင်က မေးပြန်တယ်။ ကောင်လေးက မဆိုင်းမတွဘဲ သဘောတူေုကာင်း ချက်ချင်း ပြန်ဖြေလိုက်တယ်။ မိုးလင်းတာနဲ့ ကောင်လေးဟာ ပုစဉ်းတစ်ကောင် အသွင်ပြောင်းသွားခဲ့တယ်။ ပုစဉ်းလေးက ဆေးရုံဖက်ကို အလျှင်အမြန် ပျံလာတယ်။ လူနာခန်းထဲ ၀င်ုကည့်တော့ ကောင်မလေးက နိုးနေပြီး ဆရာဝန်တစ်ဦးနဲ့ စကားပြောနေတာကို တွေ့တယ်။ သူတို့ပြောနေတာတွေကို ပုစဉ်းက မုကားရဘူး။ တစ်ပတ်နှစ်ပတ်နေတော့ ကောင်မလေး ကျန်းမာလာပြီး ဆေးရုံက ဆင်းခဲ့တယ်။ ဒါပေမဲ့ သူမပျော်ဘူး။ နေရာအနှံ့ ကောင်လေးကို လိုက်စုံစမ်းတယ်၊ လိုက်ရှာတယ်။ ကောင်လေး ဘယ်ပျောက်သွားမှန်း ဘယ်သူမှ မသိုကဘူး။ ကောင်လေးက ပုစဉ်းအသွင်နဲ့ ကောင်မလေးဘေးမှာ ရစ်ဝဲ ပျံသန်းနေပေမဲ့ ကောင်မလေးကို သူခေါ်လို့ မရဘူး။ ပွေ့ဖက်လို့ မရဘူး။ ကောင်မလေးကိုပဲ ငေးစိုက်ုကည့်နေခဲ့ရတယ်။ ဒီလိုနဲ့နေ့ရက်တွေ တဖြေးဖြေး ကုန်လွန်ပြီး ဆောင်းဦးကို ရောက်လာခဲ့တယ်။ ဆောင်းလေညင်းတွေကြောင့် သစ်ရွက်တွေ တဖြုတ်ဖြုတ်ေုကွကုန်တယ်။ ပုစဉ်း ဒီနေရာက ခွာရတော့မယ်။ နောက်ဆုံးအုကိမ်အဖြင့် ကောင်မလေးရဲ့ ပုခုံးထက်နားကို သူအရဲစွန့်ပြီး သွားနားလိုက်တယ်။ သူ့ရဲ့နူး ညံ့တဲ့ တောင်ပံနဲ့ ကောင်မလေးရဲ့ ပါးပြင်ကို ထိလိုက်တယ်။ သေးငယ်တဲ့ ပါးစပ်နဲ့ ကောင်မလေးရဲ့ ပုခုံးသားကိုနမ်းလိုက်တယ်။ ကောင်မလေး သတိမထားမိခင်မှာ သူတိတ်တဆိတ် ထပျံလာခဲ့တယ်။ မျက်စိတမှိတ်အတွင်းမှာပဲ နွေဦးရာသီကို ရောက်လာခဲ့တယ်။ နွေရောက်တာနဲ့ ချက်ချင်းပဲ ပုစဉ်းဟာ ကောင်မလေးနားကို အရောက်ပျံသန်းလာခဲ့တယ်။ ဒါပေမဲ့ သူရင်းနှီးတဲ့ ကောင်မလေးရဲ့ဘေးမှာ ခန့်ညားတဲ့ သူစိမ်းကောင်လေးတစ်ယောက်ကို သူ တွေ့လိုက်တော့ ပျံသန်းနေတဲ့ သူ့တောင်ပံတွေ လေဟာနယ် တ၀က်တပျက်မှာ အရပ်တန့်ခံလိုက်ရတယ်။ လူတွေက ကောင်မလေး ကားတိုက်ခံရတာ ဒဏ်ရာတွေ ဘယ်လောက် ပြင်းထန်ကြောင်း၊ ဒဏ်ရာတွေကို ကုသပေးတဲ့ ဆရာဝန်ဟာ ကောင်မလေးအပေါ် ဘယ်လောက် ဂစိုက်ေုကာင်း၊ သူတို့ရဲ့အချစ်တွေက စံတင်ထိုက်တဲ့အေုကာင်း၊ ကောင်မလေး ဘ၀က အရင်လို ပျော်ရွှင်ချမ်းမြေ့ နေပြီဖြစ်တဲ့အကြောင်း ပြောသံတွေကို ပုစဉ်ုးကားလိုက်ရတယ်။ ပုစဉ်း ရင်ကွဲရပြန်တယ်။ ဆရာဝန်ကောင်လေးနဲ့ ကောင်မလေး ပင်လယ်ဘေးသွားပြီး နေ၀င်၊ နေထွက်ကြည့်တာကို သူအမြဲတွေ့နေရပေမဲ့ တစ်ခါတလေ ကောင်မလေးရဲ့ ပုခုံးထက်မှာ ခဏသွားနားတာကလွဲလို့ သူဘာမှ မတတ်နိုင်ခဲ့ဘူး။ ပုစဉ်းလေးဟာ ရင်ထဲက ဝေဒနာတွေကိုကိတ်မှိတ်ခံစားရင် ဒီနှစ်နွေဟာ ခါတိုင်းနွေထက် ပိုရှည်လျှားနေတယ်လို့ ထင်မိတယ်။ ကောင်မလေးနားမှာ ရစ်ဝဲပျံသန်းဖို့လည်း သူမှာ ခွန်အားတွေ ဆုတ်လျော့နေတယ်။ ဆရာဝန်ကောင်လေးနဲ့ကောင်မလေးရဲ့ တီးတိုးစကားပြောသံနဲ့ ရယ်သံတွေက သူ့ကို အသက်ရှူကျပ်စေတယ်။ သုါံ်နှစ်မြောက် နွေရာသီမှာတော့ ပုစဉ်းဟာ ကောင်မလေးကို ခဏခဏ သွားမကြည့်တော့ဘူး။ သူနားနေကျ ကောင်မလေးရဲ့ပုခုံးကို ဆရာဝန်ကောင်လေးက တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားတယ်။ သူ့တောင်ပံနဲ့ ထိနေကျ ကောင်မလေးရဲ့ ပါးပြင်ဟာလည်း ဆရာဝန်ကောင်လေးက တယုတယနမ်းနေတယ်။ ပုစဉ်းရင်ကွဲတစ်ကောင်က သူ့တို့ဘေးမှာ ရစ်ဝဲနေတယ်ဆိုတာကို ချစ်တင်းနှောပြီုးကည်နူးနေတဲ့ သူတို့နှစ်ယောက် သတိထားမိမှာ မဟုတ်ဘူး။ ကောင်မလေးကလည်း အတိတ်ဆိုတာကို လုံးဝ သတိမေ့သွားခဲ့ပြီလေ။ သတ်မှတ်ထားတဲ့ (၃)နှစ်ဆိုတဲ့ အချိန်ကိုရောက်ဖို့ တစ်ရက်အလိုမှာ ကောင်မလေးနဲ့ဆရာဝန်ကောင်လေးတို့လက်ထပ်လိုက်ုကတယ်။ ဘုရားကျောင်းထဲ သူပျံဝင်ပြီး ကောင်မလေးရဲ့ ပုခုံးထက်မှာ နားလိုက်တယ်။ ကောင်မလေးနဲ့ ဆရာဝန်ကောင်လေးရဲ့ဘုရားသခင်ထံ သစ္စာခံယူနေတဲ့ အသံကို သူုကားလိုက်တယ်။ ဆရာဝန်ကောင်လေးက ကောင်မလေးရဲ့ လက်ကို လက်ထပ်လက်စွပ် စွပ်ပေးပြီး နမ်းလိုက်တာကို သူငေုးကည့်နေမိတယ်။ သူ့ပါးပြင်ငယ်ပေါ်မှာ မျက်ရည်တွေ စီးကျလာခဲ့တယ်။ "အသင် နောင်တရပြီလား" ဘုရားသခင်က ပုစဉ်းကို မေးတယ်။ "နောင်တ လုံးဝမရပါဘူး" မျက်ရည်တွေကို သုတ်ရင်း သူပြန်ဖြေတယ်။ "မနက်ဖြန်ဆို လူဘ၀အသွင် ပြောင်းလို့ရပြီ" ဘုရားသခင်က ပြောတော့ ပုစဉ်းက ခေါင်းခါပြီး "ပုစဉ်းအဖြစ်နဲ့ ကျွန်တော်တစ်သက်လုံး နေပါရစေတော့။ တစ်ချို့ကံတရားက လက်လွတ်ဆုံးရှုံးဖို့ စီရင်လာပြီးသားပါ။ တစ်ချို့ဖူးစာက ပေါင်းစပ်ဖို့ ကံပါမလာခဲ့ဘူး။ လူတစ်ယောက်ကို ချစ်တာ ရယူပိုင်ဆိုင်မှ မဟုတ်ပါဘူး။ ဒါပေမဲ့ လူတစ်ယောက်ကို ရယူပိုင်ဆိုင်ပြီးရင်တော့ ကောင်းကောင်း တန်ဖိုးထား ချစ်တတ်ရမယ်".. ကျော်ချစ်သူ့ကိုလည်းကျော်အရမ်းချစ်တယ်.. ကျော့်ချစ်သူကျော်နောက်ဘ၀ထိပေးဆပ်ချင်ခဲ့တာ.. ချစ်သူယုံပါစေလေ..

Thursday, September 25, 2008

အမုန်း....


တောင်းပန်တယ်ဆိုတာမှားယွင်းလို့..
မှားယွင်းသွားတယ်ဆိုတာမာနတွေကြောင့်...
မတည်ဆောက်နိုင်တော့တဲ့
အနာဂါတ်ကို
ခုထိလွမ်းဆဲ..
မပြတ်သားတတ်တဲ့ဆုံးဖြတ်ချက်ကြောင့်
ချစ်သူနဲ့ဝေးခြင်းဆိုတဲ့အပြစ်ဒဏ်ကို
ကိုယ်တိုင်ခံစားရဆဲ..
မမုန်းတတ်တဲ့ချစ်သူက
ခွင့်လွှတ်ပေးပေမဲ့

မှားခဲ့ပြီဖြစ်တဲ့ငါဟာ
ချစ်သူနဲ့မထိုက်တန်ဘူး..
ဘယ်သူမှအပြစ်ဒဏ်မချလဲ..

ကိုယ့်နှလုံးသားကိုအကျဉ်းချ...
တသက်တကျွန်းပေါ့..

သေရာပါမဲ့ဒဏ်ရာ..
နောက်ဘ၀ထိ
လက်ဆောင်အဖြစ်ယူသွားမယ်..
အရာအားလုံးလိမ်ညာတတ်သူလို့
ချစ်သူကသတ်မှတ်..
သူရက်စက်တာမှန်ပါတယ်..

မညာတတ်တာငါ့နှလုံးသားပါ...

မုသားနဲ့မကင်းမာယာမရှင်းပေမဲ့..
ငါ့ရဲ့ချစ်ခြင်းအပြစ်ကင်းတယ်..

ဒါကိုလူသိစရာမလိုပါဘူး..
နောက်ဆုံး ငါပိုင်ဆိုင်တဲ့အမုန်းကို

ငါထွေးပွေ့ရင်း...

တပါးသူရင်ခွင်ကနေ..

ခိုနားခဲ့ဘူးတဲ့ခွင့်လွှတ်တတ်တဲ့

ချစ်သူ့ရင်ခွင်ကိုလွမ်းဆဲ....