
ရပ်တန့်ဖို့မေ့လျှော့နေခဲ့တာ..
ခြေတလှမ်းစပြီးတော့
နောက်ပြန်ဆုတ်ဖို့အတွေးတွေနဲ့
ရင်ခွင်ဟောင်းကိုဘဲတမ်းတနေတော့
လက်ရှိချစ်သူကိုပစ်ပယ်နေမိတော့
ကိုယ့်အခြေအနေကိုမေ့နေတတ်တာ
ခုနားလည်ခဲ့ပြီ..
အတိတ်ကိုဖက်တွယ်နေဦးမှာပါ..
လက်ရှိကိုလည်းတန်ဖိုးထားရမယ်..
ဒါကြောင့်လက်ရှိချစ်သူကိုတန်ဖိုးထားလိုက်တော့မယ်..
အတိတ်ကိုတော့မေ့ပစ်ဖို့
အင်အားမရှိပေမဲ့
ပျောက်ပျက်မသွားအောင်သိမ်းဆည်းနိုင်မှာပါ..
ရင်ထဲမှာသိမ်းဆည်းရင်း
ချစ်သူ့ရင်ခွင်မှာပျော်အောင်နေတော့မယ်..
No comments:
Post a Comment