
မောင်....
ငယ်စဉ်ကတည်းကဖေုကီးပြောလေ့ရှိတဲ့သာဓကတခုပါ...
မေုကီးကဖေုကီးအတွက်အကောင်းဆုံးပေတံတလက်တဲ့..
မေုကီးမရှိတော့ကတည်းက နောက်ထက်မိန်းကလေးတိုင်းကို
အဲဒီပေတံလေးနဲ့လိုက်တိုင်းရင်းနဲ့...
မိန်းမ မယူဖြစ်တော့တာတဲ့....
ခုမောင်ကပြောတယ်......
ငယ်လေးကမောင့်ရဲ့ပေတံလေးပါတဲ့....
ငယ့်လိုမောင့်အပေါ်ချစ်နိုင်မဲ့မိန်းကလေးမျိုး....
မရှိနိုင်တော့ဘူးတဲ့....
နောက်ဆိုရင်ငယ့်ဖေဖေလိုဘဲ
မိန်းကလေးတွေကိုအဲဒီပေတံလေးနဲ့လိုက်တိုင်းနေမိတော့မှာတဲ့...
ငယ်မောင့်ကိုမထားခဲ့ချင်ဘူးမောင်..
မရေရာပေမဲ့မထားခဲ့နိုင်ဘူး.....
မသေချာပေမဲ့မခွဲချင်ဘူး....
ငယ်ကမောင်ပြောသလို တပါးသူရဲ့
ထိန်းချုပ်မှုအောက်မှာရောက်နေလဲ
ငယ့်နှလုံးသားကတော့မောင့်ခြေဖျားအောက်မှာပါ..
ငယ့်နှလုံးသားပလ္လင်ထက်နန်းတက်သူကမောင်ပါမောင်...
မောင့်ကိုချစ်တယ်...
မောင့်ကိုမြတ်နိုးတယ်...
မောင့်ကိုတွယ်တာတယ်....
မောင်သည်သာဘ၀...မောင်သည်သာသခင်ပါ....
မောင့်ကိုချစ်သော မောင်ကချစ်သောကောင်မလေးသည်...
မောင့်အတွက်သာအသက်ရှင်နေတာမောင်သိပါစေ..
No comments:
Post a Comment