
စိတ်ကူးတခု ပိုင်ဆိုင်ဖူးတဲ့ရင်ခွင်တခု
အမြဲတမ်းမမေ့နိုင်ဘူး
မဖြစ်သင့်တော့ဘူးလို့ အုကိမ်ုကိမ်သတိပေးနေတဲ့
ဦးနှောက်ကိုလွန်ဆန် အလိုလိုကိုကားချင်နေတာ
ရင်ခွင်ဟောင်းဆီက ချိုသာတဲ့အသံလေး
morning ဆိုရင်သတိရတမ်းတဆဲ...
ဖုန်းခေါ်မိနေဆဲ....
အချစ်သစ်ဆီကသ၀န်တိုသံတွေကို
လစ်လျူရှုမိတာ..
မှားမှန်းသိတယ်..
ရင်ခုန်သံတွေက မညီမျှတော့
ချစ်သူကိုအားနာလိုက်တာ..
ခက်တာကခုထိကိုရင်ခွင်ဟောင်းကို
မက်မောဆဲ..
ရှေးဘ၀ကရေစက်ေုကာင့်လားတော့မသိဘူး..
နှစ်ယောက်စလုံးကခွင့်လွှတ်တယ်တဲ့...
ရင်ခွင်ဟောင်းဆီမှာလည်း
ကိုယ့်နေရာလစ်လပ်နေတယ်..
ပြန်လာခဲ့ပါတဲ့.......
ရင်ခွင်သစ်ကလည်းလုံးဝမစွန့်လွှတ်နိုင်ဘူးတဲ့...
ဘာလုပ်သင့်လဲ...
လမ်းပျောက်နေတာပါ..
ရင်ခွင်ဟောင်းကိုမစွန့်လွှတ်နိုင်သလို
ရင်ခွင်သစ်ကိုလည်းမနာကျင်စေချင်ခဲ့ဘူး...
တစုံတယောက်က နာကျည်းမုန်းတီးမေ့ပစ်လိုက်ရင်
နာကျင်ရမှာမဟုတ်ဘူး....
နောက်ပြန်မလှည့်ကြည့်သင့်တာ သိတယ်
တွေဝေနေဆဲအတွေးတွေနဲ့
သုံးယောက်စလုံးနာကျင်ရင်း...
ငါသည်မှားပြီးရင်းမှားရင်း...........
No comments:
Post a Comment