
မိုးရာသီကုန်ပြီနော်ချစ်သူ....
မိုးစက်ကလေးတွေအောက်မှာ...
ဝေဆာဖူးပွင့်ခဲ့တဲ့သံယောဇဉ်လေးတွေ...
မင်းရဲ့တဖက်သတ်အတွေးအောက်မှာ
ကေ့ကျမြေခရပြီလားဟင်...
သာယာချိုမြတဲ့တေးသွားလေးလို..
မင်းပြောခဲ့တဲ့အားပေးစကားတွေကရော..
ပုံပြင်လားဟင်..
မင်းေုကာင့်စိတ်ကူးယဉ်အားတက်ခဲ့ရတဲ့
ငါ့ရဲ့နေ့ရက်တွေကရော
အိပ်မက်လားဟင်..
ဘာေုကာင့်လဲဆိုတာ
မင်းအဖြေပေးခဲ့သင့်တယ်နော်...
ငါ့အတွက်လို့မင်းပြောခဲ့ရင်တော့
ငါ့အတွက်တော့မင်းရှိမှဖြစ်မယ်..
မင်းမရှိရင်တော့ငါ့နေ့ရက်တွေက
အသက်ဝင်ရှင်သန်နေမယ်လို့မထင်ဘူးချစ်သူရာ..
မိုးစက်လေးတွေအောက်မှာ..
မင်းမသိဘဲငိုကေ့းခဲ့ရတဲ့ငါ့မျက်ရေတွေ
မင်းမသိအောင်တိတ်တိတ်လေးမျှော်လင့်ရင်း
မင်းကိုတောင့်တနေတဲ့ငါ့ရဲ့တမ်းတဆွေးမြေ့ခြင်းတွေ
မင်းသိအောင်ပြောပြခွင့်တော့ရချင်သေးတယ်..
လွမ်းသမျှကိုချပြမိရင်လည်း
မင်းငါ့ဆီကိုပြန်လာဖို့
အသနားခံနေတာလို့အထင်ခံရမှာလည်း
ငါကြောက်ရွံ့မိပြန်ရော..
ချစ်သူရယ်..
ငါက တကယ်တော့ မာယာများတဲ့
အချစ်အောက်ကကျေးကျွန်တယောက်လို
ကိုယ့်ကိုယ်ကို ကာကွယ်နိုင်စွမ်းတွေမဲ့နေရတာပါ...
မင်းကိုချစ်လို့ပါ...
မင်းမသိခဲ့တဲ့ငါ့ရဲ့ချစ်ခြင်းတွေအတွက်
ငါမင်းကိုပေးဆပ်နေရတာလို့ဘဲတွေးရင်း
တပါးသူရင်ခွင်ထဲကမင်းကို
ခွင့်လွှတ်ရင်းချစ်နေပါရစေတော့နော်..
နားလည်ပါစေ...ချစ်သူလေးရာ....
No comments:
Post a Comment